back

ရွှေကုက္ကိုလ် ကျားဖြန့်မြို့သစ် ထူထောင်ခဲ့သူ She Zhijiang ကို ထိုင်းက တရုတ်နိုင်ငံကို ပြန်ပို့မယ်

Nov 12 • 2:17 PM

breaking-news

မြန်မာ

ကရင်

cover

ရွှေကုက္ကိုလ် ကျားဖြန့်မြို့သစ် ထူထောင်ခဲ့သူ She Zhijiang ကို ထိုင်းက တရုတ်နိုင်ငံကို ပြန်ပို့မယ်

မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်ကျားဖြန့်မြို့သစ် ထူထောင်သူ She Zhijiang ကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်မှာဖြစ်ပြီး She Zhijiang ဟာ မြ၀တီမြို့နယ်...

မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်ကျားဖြန့်မြို့သစ် ထူထောင်သူ She Zhijiang ကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်မှာဖြစ်ပြီး She Zhijiang ဟာ မြ၀တီမြို့နယ်မှာ ကာစီနို​တွေနဲ့ ကျားဖြန့် အွန်လိုင်းစီးပွားရေးလုပ်ငန်း​တွေကို အဓိကရင်းနှီးမြှုပ်နှံသူ Yatai International Holding Group (Yatai IHG) ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။နိုဝင်ဘာ ၁၀ ရက်မှာ ထိုင်းနိုင်ငံရှိ အယူခံတရားရုံးက နိုင်ငံတကာ ရာဇဝတ်မှု​တွေ အပါအဝင် အွန်လိုင်းလောင်းကစားလုပ်ငန်း ၂၀၀ ကျော်ကို တရားမဝင် လုပ်ကိုင်ခဲ့တဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်း​တွေရဲ့ အဓိကခေါင်း ဆောင် She Zhijiang ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးဖို့ ကိစ္စကို အတည်ပြု ဆုံးဖြတ်ပြီးနောက် နိုဝင်ဘာ ၁၂ ရက်မှာ တရုတ်နိုင်ငံကို ပြန်လည် လွှဲပြောင်းတာ ဖြစ်တယ်လို့ သိရပါတယ်။ SHE Zhijiang မှာ တရုတ်ယွမ်ငွေ ၂၇၇၅ ဘီလီယံ (ထိုင်းဘတ် ၁၂ ဒသမ ၆ ထရီလီယံခန့်) ကျော် လိမ်လည်ခဲ့တဲ့ ကာစီနိုဝက်ဘ်ဆိုက် ၂၃၉ ခုထက်မနည်း တည်ထောင်စီမံခန့်ခွဲဖို့ အမိန့်ပေးခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံသား​တွေကို ပစ်မှတ်ထားတဲ့ လိမ်လည်မှု​တွေအတွက် အဓိကတာဝန်ရှိသူအဖြစ် တရုတ်အစိုးရက အလိုရှိနေတာ ဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ် တရုတ်နိုင်ငံသား SHE Zhijiang ဟာ ကောလ်စင်တာနဲ့ ကျားဖြန့် လောင်းကစားလုပ်ငန်း​တွေအတွက် ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ကျားဖြန့် စီမံကိန်းမြို့သစ်​တွေကို အကောင်အထည်ဖော်ခဲ့သူ ဖြစ်ပါတယ်။



news-view-count-icon

24