back

မြစ်ကြီးနား - မန္တလေး ခရီးစဉ် (၁) ညအိပ် (၂) ရက်နဲ့ရောက်နိုင်ပြီး ကားခ ကျပ် ၂ သိန်းခွဲ ဝန်းကျင်ရှိ

Nov 12 • 2:16 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနား - မန္တလေး ခရီးစဉ် (၁) ညအိပ် (၂) ရက်နဲ့ရောက်နိုင်ပြီး ကားခ ကျပ် ၂ သိန်းခွဲ ဝန်းကျင်ရှိ

မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးတစ်လျှောက် ခရီးသွားလာရာမှာ မြစ်ကြီးနား - ရွှေဘို လမ်းပိုင်းကို ဗျူဟာကားလမ်းအတိုင်း တိုက်ရိုက်မောင်းနှင်နိုင်နေပြီဖြစ်ပြီး ကွင်းသ...

မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးတစ်လျှောက် ခရီးသွားလာရာမှာ မြစ်ကြီးနား - ရွှေဘို လမ်းပိုင်းကို ဗျူဟာကားလမ်းအတိုင်း တိုက်ရိုက်မောင်းနှင်နိုင်နေပြီဖြစ်ပြီး ကွင်းသွားဖို့မလိုဘဲ အဆင်ပြေချောမွေ့နေတယ်လို့ ဒေသခံ ယာဉ်မောင်း​တွေက သိရပါတယ်။ကားသေး​တွေအတွက် ခရီးစဉ်တစ်ကြောင်းစာ ကားခမှာ ၂၅၀,၀၀၀ ကျပ် ဝန်းကျင် ရှိတယ်လို့ ခရီးသည်တင်ပို့သူ​​တွေဆီက သိရပါတယ်။ လတ်တ​လော အသုံးပြုနေတဲ့ လမ်းလွှဲ​တွေက ရွှေဘိုမှ မန္တလေးကို ဆက်လက်ခရီးဆက်မယ့် ယာဉ်​တွေဟာ ပင်မလမ်းမ​တွေအစား လမ်းလွှဲများစွာမှ အားထားသွားလာနေကြဆဲဖြစ်ပြီး အဓိက သွားလာနေတဲ့ လမ်းကြောင်း​တွေက ရွှေဘို - ဆိပ်ခွန် - နောင်ကြီးအိုင် - အရာတော် - ငါကင်း - မလဲသာ - ပဲကူရွာ - မြင်းမူ - ထီးဆောင်း - အုန်းတော - စစ်ကိုင်း - မန္တလေး လမ်းပိုင်း ၊ ရွှေဘို - ဆိပ်ခွန် - နောင်ကြီးအိုင် -.အရာတော် - မုံရွာ - ညောင်ပင်ဝန်း - အုန်းတောလမ်းခွဲ - စစ်ကိုင်း လမ်းပိုင်း နဲ့ ဆိပ်ခွန် - မူးကမ်းကြီး - ထူးကြီး - ဘုတလင် - မုံရွာ လမ်းပိုင်း

တို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။



news-view-count-icon

22