back

အင်တာနက်ပေါ်မှာ သတင်းတု ၊ သတင်းမှား​တွေတင်တာ ၊ မဖွယ်မရာ​တွေတင်တာ ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာ​တွေကို ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်မယ်

Nov 12 • 2:06 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အင်တာနက်ပေါ်မှာ သတင်းတု ၊ သတင်းမှား​တွေတင်တာ ၊ မဖွယ်မရာ​တွေတင်တာ ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာ​တွေကို ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်မယ်

အင်တာနက်ပေါ်မှာ သတင်းတု ၊ သတင်းမှား​တွေတင်တာ ၊ မဖွယ်မရာ​တွေတင်တာ ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာ​တွေကို ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။...

အင်တာနက်ပေါ်မှာ သတင်းတု ၊ သတင်းမှား​တွေတင်တာ ၊ မဖွယ်မရာ​တွေတင်တာ ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာ​တွေကို ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အင်တာနက်ပေါ်မှာ သတင်းတု ၊ သတင်းမှား​တွေ တင်တာ ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ မဖွယ်မရာပုံ​တွေ ၊ ဗီဒီယို​တွေနဲ့ လိင်အသားပေး ကိစ္စရပ်​တွေတင်တာ ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာ​တွေကို ဥပဒေကြောင်းအရ တားမြစ်နိုင်ဖို့ ၊ ဖော်ထုတ်အရေးယူနိုင်ဖို့တို့အတွက် ဥပဒေကြောင်းအရ တားမြစ်အရေးယူ ဆောင်ရွက်နိုင်ရေးကော်မတီကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၄ ရက်စွဲနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှား​တွေ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ မဖွယ်မရာပုံ​တွေ ၊ ဗီဒီယို​တွေနဲ့ လိင်အသားပေးကိစ္စရပ်​တွေတင်တာ ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာ​တွေကို ပို့စ်တင်တာ ၊ ထုတ်လွှင့်တာ ၊ မျှဝေတာ ၊ အားပေးအားမြှောက်ပြုတာ​တွေကို ဆောင်ရွက်နေမှုအပေါ် နည်းပညာအရ ရှာဖွေဖော်ထုတ်ပြီး တားမြစ်ဖို့ ၊ ကျုးလွန်သူ​တွေကို တည်ဆဲဥပဒေ​တွေနဲ့ အညီ ထိထိရောက်ရောက်အရေးယူနိုင်​​အောင် ဆောင်ရွက်သွားမှာ.ဖြစ်တယ်လို့ သိရပါတယ်။





news-view-count-icon

34