လက်ရှိအချိန်မှာ ကားခတွေဟာ တစ်ဦးကိုငွေကျပ် ၈ သိန်းကနေ ၁၀ သိန်းအထိရှိနေပြီး လူတစ်ဦးကိုကျောပိုးအိတ်တစ်လုံးပဲ ယူဆောင်ခွင့်ပေးထားပြီး တခြားဝန်စည်စလယ်တွေ တင်ဆောင်ခွင့်မပေးထားဘူးလို့ မိုးကုတ်မြို့အနောက်ပိုင်းကအသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။အဲ့ဒီအပြင် ကုန်ကျစရိတ်အနည်းငယ်သက်သာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ဖက်ကိုလည်းရှောင်တိမ်းသူတွေရှိနေပြီး မိုးကုတ် - ကျောက်မဲကားခက တစ်ဦးကို ၂ သိန်းကနေ ၄ သိန်းအထိပဲရှိတယ်လို့ မြို့ခံယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။



