back

မော်လမြိုင်မြို့တွင် မူးယစ်ဆေးဝါး Tramadol များ ဖမ်းဆီးရမိ

Nov 12 • 12:09 PM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင်မြို့တွင် မူးယစ်ဆေးဝါး Tramadol များ ဖမ်းဆီးရမိ

နိုဝင်ဘာလ ၁၀ ရက်နေ့ ၁၅၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ကားဂိတ်...

နိုဝင်ဘာလ ၁၀ ရက်နေ့ ၁၅၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ဝေယံစိုး အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာများအတွင်းမှ Tramadol ဆေးတောင့် ၁၃,၀၀၀ တောင့်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၃ သိန်း)၊ Tramadol ထိုးဆေးပုလင်း ၄၈၀ လုံး(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅.၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၆၁၅ အချိန် အဆိုပါ Tramadol များ သယ်ဆောင်ခိုင်းသူ မသီရိရွှေ(ခ)လဲ့လဲ့ဝင်းရွှေ အား ၎င်းနေထိုင်သည့် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဝေယံစိုး(၂၁)နှစ်နှင့် မသီရိရွှေ(ခ)လဲ့လဲ့ဝင်းရွှေ(၃၆)နှစ်တို့အား မော်လမြိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရပါသညိ။




news-view-count-icon

68