back

အခုနှစ်ကုန်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ် ကို ၅ မှတ်ဆန်ဖြူ တင်ပို့သွားနိုင်ဖို့စီစဉ်

Nov 12 • 12:07 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အခုနှစ်ကုန်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ် ကို ၅ မှတ်ဆန်ဖြူ တင်ပို့သွားနိုင်ဖို့စီစဉ်

အခုနှစ်ကုန်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ် ကို ၅ မှတ်ဆန်ဖြူ ငါးသောင်းကျော် တင်ပို့သွားနိုင်ဖို့စီစဉ်နေတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။ဘင်္ဂလားဒေ့အစို...

အခုနှစ်ကုန်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ် ကို ၅ မှတ်ဆန်ဖြူ ငါးသောင်းကျော် တင်ပို့သွားနိုင်ဖို့စီစဉ်နေတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။ဘင်္ဂလားဒေ့အစို့ရနဲ့ ဆန်စပါးအသင်းချုပ်တို့နှစ်နိူင်ငံကြားချုပ်ဆိုတဲ့ ဆန်စာချုပ်ပထမအဆင့် မှာ ၅ ရာခိုင်နှုန်း ဆန်တန်ချိန် ၅၂၅၀၀ တန်အတွက်

တတန်ကို ၃၇၆ ဒဿမ ၅ ဒေါ်လာ ClF (ဘင်္ဂလားဒေ့နိူင်ငံသိုလှောင်ရုံထဲအရောက် ခန့်မှန်း FOBဈေး ၃၂၀/၃၃၀ ဈေး နဲ့ စာချုပ်ချုပ်ရောင်းချခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဆန်စပါးဈေးကြီးမြင့်မှုကို လျှော့ချဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာနိုင်ငံကနေ ဆန်ဝယ်ယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနဲ့ ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်တွေက ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနကနေ သိရှိရပါတယ်။



news-view-count-icon

29