back

အိန္ဒိယ-မြန်မာနယ်စပ်က ကျေးရွာတချို့မှာ ပြင်းထန်ကူးစက်ဝမ်းရောဂါကြောင့် သေဆုံးသူ ဒေသခံနဲ့ ချင်းစစ်ရှောင် ခြောက်ယောက်အထိရှိလာ

Nov 12 • 12:05 PM

breaking-news

မြန်မာ

ချင်း

cover

အိန္ဒိယ-မြန်မာနယ်စပ်က ကျေးရွာတချို့မှာ ပြင်းထန်ကူးစက်ဝမ်းရောဂါကြောင့် သေဆုံးသူ ဒေသခံနဲ့ ချင်းစစ်ရှောင် ခြောက်ယောက်အထိရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေနေထိုင်ကြတဲ့ မီဇိုရမ်ပြည်နယ်က ကာကီနဲ့ တွီဒန်းကျေးရွာနှစ်ရွာအပါအဝင် ရှာဟာခရိုင်က လောင်မဆူကျေးရွာတို့မှာ အခုနိုဝင်ဘာလဆ...

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေနေထိုင်ကြတဲ့ မီဇိုရမ်ပြည်နယ်က ကာကီနဲ့ တွီဒန်းကျေးရွာနှစ်ရွာအပါအဝင် ရှာဟာခရိုင်က လောင်မဆူကျေးရွာတို့မှာ အခုနိုဝင်ဘာလဆန်းကနေစပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါဖြစ်ပွားမှုမြင့်တက်နေတဲ့အတွက် ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်အထိ စုစုပေါင်း ခြောက်ယောက်သေဆုံးသွားခဲ့ပြီလို့ ချင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။သေဆုံးသွားသူတွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ဦးလာမ်ပါ (၇၅)နှစ်၊ နိုဝင်ဘာလ ၉ ရက်မှာ မနီဒါ(၂၄)နှစ်နဲ့ ဦးကိုင်လော(၄၈)နှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ ကိုဆောလ(၂၈)နှစ်နဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်၊ မနက်မှာ နောက်ထပ်နှစ်ယောက်တို့ဖြစ်ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။



news-view-count-icon

26