back

မန္တလေးတိုင်း၊ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်မှုတွင် ဆိုင်ဝန်ထမ်း ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံး၊ ဓားပြ ၁ ဦး ဖမ်းမိ

Nov 12 • 6:25 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ပြင်ဦးလွင် အောင်စံပယ်ရွှေဆိုင် ဓားပြတိုက်မှုတွင် ဆိုင်ဝန်ထမ်း ၁ ဦး သေနတ်ပစ်ခံရ၍ သေဆုံး၊ ဓားပြ ၁ ဦး ဖမ်းမိ

ပြင်ဦးလွင်မြို့ နာရီစင်အနီးရှိ အောင်စံပယ်ရွှေဆိုင်ကို ယနေ့ နိုဝင်ဘာ ၁၂ ရက် နံနက် ၈:၃၀ မိနစ်ခန့်တွင် သေနတ်ကိုင်ဆောင်ထားသူ ဓားပြနှစ်ဦး ဝင်ရောက် ဓားပြတိုက်ရာမှ ပစ်...

ပြင်ဦးလွင်မြို့ နာရီစင်အနီးရှိ အောင်စံပယ်ရွှေဆိုင်ကို ယနေ့ နိုဝင်ဘာ ၁၂ ရက် နံနက် ၈:၃၀ မိနစ်ခန့်တွင် သေနတ်ကိုင်ဆောင်ထားသူ ဓားပြနှစ်ဦး ဝင်ရောက် ဓားပြတိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဓားပြတိုက်သူနှစ်ဦးအနက် အသက် ၃၀ အရွယ် တစ်ဦးကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ဖားကန့်မြို့မှ နေထိုင်သူဖြစ်ကြောင်း သိရသည်။ လွတ်မြောက်သွားသော ကျန်ဓားပြတစ်ဦးမှာ မန္တလေး၊ မြရည်နန္ဒာရပ်ကွက်နေသူဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရှိရသည်။

news-view-count-icon

21