back

MI5 က ဆိုးသွမ်းဉာဏ်ရည်တု၏ ထိန်းမနိုင် သိမ်းမရ အန္တရာယ်ကိုစောင့်ကြည့်

Nov 12 • 6:04 AM

breaking-news

မြန်မာ

ပြည်ပ

cover

MI5 က ဆိုးသွမ်းဉာဏ်ရည်တု၏ ထိန်းမနိုင် သိမ်းမရ အန္တရာယ်ကိုစောင့်ကြည့်

ဗြိတိန်သူလျှိုများသည် ဆိုးသွမ်းဉာဏ်ရည်တု စနစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် စတင်လုပ်ဆောင်နေပြီဟု MI 5 အကြီးအကဲက ပြောကြားခဲ့သည်။ဆာခ...

ဗြိတိန်သူလျှိုများသည် ဆိုးသွမ်းဉာဏ်ရည်တု စနစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် စတင်လုပ်ဆောင်နေပြီဟု MI 5 အကြီးအကဲက ပြောကြားခဲ့သည်။ဆာခန်း မက်ကယ်လမ် က ဉာဏ်ရည်တု ၏ အန္တရာယ်ဖြစ်စေမည့် အလားအလာကို လျစ်လျူရှုခြင်းသည် ပရမ်းပတာဖြစ်ရမ်းများကိုဖြစ်ပေါ်စေပြီး ထင်ရာစိုင်းကြလိမ့်မည်ဟု ပြောကြားခဲ့သည်။လုံခြုံရေးဌာန၏ ထမ်းဟောက်စ် ရုံးချုပ်၌ မိန့်ခွန်းပြောကြားရာတွင် ၎င်းက "ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းများကို ခန့်မှန်းခြင်း" မဟုတ်သော်လည်း ထောက်လှမ်းရေးအေဂျင်စီများသည် အန္တရာယ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။၎င်းက “MI 5 သည် ကျွန်ုပ်တို့၏လူသား— တစ်ခါတစ်ရံ လူမဆန်သော-ရန်ဘက်များထက် သာလွန်အောင် တီထွင်ဆန်းသစ်ရန် ရာစုနှစ်တစ်ခုကျော်ကြာအောင် အဆင့်မြင့်သောအရာများကို လုပ်ဆောင်ခဲ့ရ‌ကြောင်း ပြောကြားခဲ့သည်။



news-view-count-icon

24