back

မန်ယူအသင်းကို နစ်နာကြေး ပေါင် ၁ သန်းကျော် တရားစွဲထားသည့် တွမ်ဇီဘီအမှုမှ အသေးစိတ်အချက်အလက်သစ်များ ထွက်ပေါ်

Nov 12 • 5:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူအသင်းကို နစ်နာကြေး ပေါင် ၁ သန်းကျော် တရားစွဲထားသည့် တွမ်ဇီဘီအမှုမှ အသေးစိတ်အချက်အလက်သစ်များ ထွက်ပေါ်

မန်ယူအသင်း၏ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်သူ လက်ရှိဘန်လေနောက်ခံလူ အက်ဇယ် တွမ်ဇီဘီ (အသက် ၂၇ နှစ်) သည် မန်ယူအသင်းကို ပေါင်တစ်သန်းကျော် (ဒေါ်လာ ၁.၃ သန်း) နစ်နာကြေး...

မန်ယူအသင်း၏ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်သူ လက်ရှိဘန်လေနောက်ခံလူ အက်ဇယ် တွမ်ဇီဘီ (အသက် ၂၇ နှစ်) သည် မန်ယူအသင်းကို ပေါင်တစ်သန်းကျော် (ဒေါ်လာ ၁.၃ သန်း) နစ်နာကြေးတောင်းခံကာ တရားစွဲဆိုထားသည့်အမှုတွင် အသေးစိတ်အချက်အလက်အသစ်များ ထပ်မံထွက်ပေါ်လာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။ တွမ်ဇီဘီသည် ၂၀၂၂ ခုနှစ်တွင် ဒဏ်ရာပြဿနာကြောင့် ၁၉၅ ရက်ကြာ အနားယူခဲ့ရမှုသည် မန်ယူအသင်း၏ ဆေးဘက်ဆိုင်ရာ အကြံပေးမှု ပေါ့ဆမှုကြောင့်ဟု ယူဆကာ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ယခုထွက်ပေါ်လာသော အချက်များအရ ၎င်း၏ဒဏ်ရာသည် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဒဏ်ရာမှ အစပြုခဲ့ပြီး မန်ယူအသင်းက လုံလောက်သော အနားယူချိန်မပေးခြင်းနှင့် ခွဲစိတ်အထူးကုနှင့် ပြသရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ပိုမိုဆိုးရွားခဲ့ရသည်ဟု ဆိုသည်။

news-view-count-icon

41