back

အွန်လိုင်းတွင် သတင်းတု၊ မဖွယ်မရာနှင့် နိုင်ငံရေးတိုက်ခိုက်မှုများအတွက် ဥပဒေကြောင်းအရ အရေးယူရန် ကော်မတီဖွဲ့စည်း

Nov 12 • 5:26 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အွန်လိုင်းတွင် သတင်းတု၊ မဖွယ်မရာနှင့် နိုင်ငံရေးတိုက်ခိုက်မှုများအတွက် ဥပဒေကြောင်းအရ အရေးယူရန် ကော်မတီဖွဲ့စည်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် မဖွယ်မရာပုံများနှင့် လိင်အသားပ...

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် မဖွယ်မရာပုံများနှင့် လိင်အသားပေးကိစ္စများတင်ခြင်း၊ နှင့် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၄ ရက်စွဲဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ သက်ဆိုင်ရာဌာနကြီးများမှ ကိုယ်စားလှယ်များ ပါဝင်သည်။ ကော်မတီအနေဖြင့် အဆိုပါကိစ္စရပ်များကို နည်းပညာရှင်များဖြင့် ၂၄ နာရီ စောင့်ကြည့်ဖော်ထုတ်ရန်၊ တည်ဆဲဥပဒေများနှင့်အညီ အရေးယူရန်၊ ကျူးလွန်သူများ၏ တယ်လီဖုန်းနံပါတ်များနှင့် ဘဏ်အကောင့်များ ပိတ်သိမ်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရန်နှင့် ပြည်သူလူထု သိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

news-view-count-icon

18