မြန်မာနိုင်ငံ၏ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၅၈၇ ကီလိုမီတာ) ပေါ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၅၅ မှု ဖြစ်ပွားခဲ့ပြီး၊ လူ ၅၀ ဦး သေဆုံးကာ ၂၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၇၆၀ ကျော် ရှိခဲ့သည်။ သို့သော်လည်း ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၁၇၄ မှု၊ သေဆုံး ၈၂ ဦး၊ ဒဏ်ရာရ ၃၂၅ ဦး) ယခုနှစ်တွင် ယာဉ်မတော်တဆမှု၊ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
Nov 12 • 5:24 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 32 | 0 | 0 | 0 |


