အမေရိကန် အထက်လွှတ်တော်သည် သမိုင်းတစ်လျှောက် အကြာရှည်ဆုံးဖြစ်သည့် အစိုးရယန္တရား ရပ်တန့်မှုကို အဆုံးသတ်စေမည့် ဘဏ္ဍာရေးဥပဒေကြမ်းတစ်ရပ်ကို နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းက ထောက်ခံမဲ ၆၀၊ ကန့်ကွက်မဲ ၄၀ ဖြင့် အတည်ပြုလိုက်သည်။ ဤဥပဒေကြမ်းအရ ဇန်နဝါရီလကုန်အထိ အစိုးရလုပ်ငန်းများအတွက် ရန်ပုံငွေများ ရရှိမည်ဖြစ်သည်။ သမ္မတထရန့်က လက်မှတ်ရေးထိုးနိုင်ရန်အတွက် ရီပတ်ဗလီကန်များ အသာစီးရထားသည့် အောက်လွှတ်တော်က နိုဝင်ဘာ ၁၃ ရက်တွင် စတင်ဆွေးနွေး အတည်ပြုရဦးမည်ဖြစ်သည်။ ရက်ပေါင်း ၄၀ ကျော်ကြာသော အစိုးရယန္တရားရပ်တန့်မှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေးခြင်း၊ ဝန်ထမ်းထောင်ပေါင်းများစွာ အလုပ်နားခဲ့ရခြင်းနှင့် လူသန်းပေါင်းများစွာ စားနပ်ရိက္ခာ အကူအညီများ ဆုံးရှုံးရမည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။
Nov 12 • 5:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 46 | 0 | 0 | 0 |


