back

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ဖွင့်လှစ်ထားတာ လပိုင်းသာရှိသေးသည့် ဟောင်ချိတံတား မြေပြိုမှုကြောင့် ကျိုးကျပြိုကျ

Nov 12 • 5:29 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ဖွင့်လှစ်ထားတာ လပိုင်းသာရှိသေးသည့် ဟောင်ချိတံတား မြေပြိုမှုကြောင့် ကျိုးကျပြိုကျ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် တည်ရှိပြီး တရုတ်ပြည်မကြီးနှင့် တိဘက်ဒေသကို ဆက်သွယ်ထားသည့် အဓိကလမ်းမပေါ်မှ ၇၅၈ မီတာရှည်လျားသော ဟောင်ချိတံတားသည်...

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် တည်ရှိပြီး တရုတ်ပြည်မကြီးနှင့် တိဘက်ဒေသကို ဆက်သွယ်ထားသည့် အဓိကလမ်းမပေါ်မှ ၇၅၈ မီတာရှည်လျားသော ဟောင်ချိတံတားသည် နိုဝင်ဘာ ၁၁ ရက်နေ့တွင် မြစ်ထဲသို့ ကျိုးကျပြိုကျခဲ့သည်။ ယခုနှစ်ဆန်းပိုင်းကမှ ပြီးစီး၍ ဖွင့်လှစ်ထားတာ လပိုင်းသာရှိသေးသော အဆိုပါတံတားကို နိုဝင်ဘာ ၁၀ ရက်နေ့က မြေပြိုမှုများနှင့် တောင်စောင်းတွင် အက်ကြောင်းများ တွေ့ရှိရသည့်အတွက် ကြိုတင်အရေးပေါ်ပိတ်ထားနိုင်ခဲ့ခြင်းကြောင့် လူအသေအပျောက်မရှိခဲ့ပေ။ တံတားအောက်ခြေ ဖောင်ဒေးရှင်းကို ထိခိုက်စေခဲ့သည့် မြေပြိုမှုပိုမိုဆိုးရွားလာခြင်းကြောင့် တံတား၏ အပိုင်းတစ်စိတ်တစ်ပိုင်းနှင့် ချဉ်းကပ်တံတားတစ်ဖက်စွန်း ပြိုကျခဲ့ခြင်းဖြစ်ကာ၊ နိုင်ငံအနှံ့ တည်ဆောက်နေသော တရုတ်၏ အခြေခံအဆောက်အအုံများ၏ ခံနိုင်ရည်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေခဲ့သည်။

news-view-count-icon

13