မန္တလေးမှ နေပြည်တော်သို့ နေ့စဉ် နံနက် ၆:၀၀ နာရီတွင် ထွက်ခွာသော ရထားခရီးစဉ်ကို ယခင်ပြေးဆွဲနေသည့် RBE စက်ခေါင်းအစား BEL စက်ခေါင်းနှင့် အဆင့်မြင့် လေအိတ်ရထားဖြင့် ပြောင်းလဲ ပြေးဆွဲပေးရန် စီစဉ်နေကြောင်း မီးရထားအသိုင်းအဝိုင်းမှ နိုဝင်ဘာ ၁၂ ရက်တွင် သိရသည်။ အဆိုပါ ပြောင်းလဲပြေးဆွဲမည့် ရထားတွဲဆိုင်းတွင် အထက်တန်း (အဲကွန်းပါ) ၂ တွဲ၊ ရိုးရိုးတန်း ၂ တွဲနှင့် ဘရိတ် ၁ တွဲတို့ ပါဝင်မည်ဖြစ်ပြီး ယခုလ (နိုဝင်ဘာ) အတွင်း စတင်ပြေးဆွဲပေးမည်ဟု မီးရထားနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။ ယခင်က နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို BEL စက်ခေါင်းနှင့် အဆင့်မြင့်ရထားဖြင့် ပြေးဆွဲပေးလျက်ရှိရာ ယခုအခါ မန္တလေး-နေပြည်တော် ခရီးသည်များလည်း ပိုမိုသက်တောင့်သက်သာဖြစ်စေရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေး-နေပြည်တော် ရထားခရီးစဉ်အား RBE မှ BEL စက်ခေါင်းသုံး အဆင့်မြင့်ရထားဖြင့် အစားထိုး ပြေးဆွဲရန် စီစဉ်
Nov 12 • 5:18 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 82 | 0 | 0 | 0 |


