AFC Women's Champions League 2025-26 အုပ်စု (C) ဒုတိယနေ့ပွဲစဉ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ISPE အမျိုးသမီးအသင်းနှင့် ဂျပန်ကလပ် တိုကျိုဗာဒီအသင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၂ ရက် ညနေ ၃:၀၀ အချိန်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပရိသတ်များအနေဖြင့် ကွင်းဝင်ကြေး အခမဲ့ဖြင့် လာရောက်အားပေးနိုင်ပြီး၊ လာရောက်နိုင်ခြင်းမရှိသူများအတွက် Sky Net ရုပ်သံလိုင်းများ၊ MRTV နှင့် AFC Hub YouTube Channel တို့မှလည်း တိုက်ရိုက်ပြသပေးသွားမည် ဖြစ်ပါသည်။


