back

ဘရာဇီးဒေသခံတိုင်းရင်းသားများ ကုလသမဂ္ဂ၏ ရာသီဥတု အစည်းအဝေးကျင်းပနေစဉ်မြေယာပိုင်ဆိုင်ခွင့်အတွက်ဆန္ဒ ဖော်ထုတ်ခဲ့

Nov 12 • 5:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘရာဇီးဒေသခံတိုင်းရင်းသားများ ကုလသမဂ္ဂ၏ ရာသီဥတု အစည်းအဝေးကျင်းပနေစဉ်မြေယာပိုင်ဆိုင်ခွင့်အတွက်ဆန္ဒ ဖော်ထုတ်ခဲ့

ဘရာဇီးလ်နိုင်ငံ၊ ဘဲလမ်းမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ COP30 ရာသီဥတု ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာသို့ နိုဝင်ဘာလ(၁၂)ရက်က ဇာတိတိုင်းရင်းသား ဆန္ဒပြသူ ဒါဇင်ပေါင်...

ဘရာဇီးလ်နိုင်ငံ၊ ဘဲလမ်းမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ COP30 ရာသီဥတု ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာသို့ နိုဝင်ဘာလ(၁၂)ရက်က ဇာတိတိုင်းရင်းသား ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဟာအတင်းဝင်ရောက်ဖို့ ကြိုးပမ်း ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခ ဖြစ်ပွားခဲ့တယ်လို့ CNN သတင်းဌာနမှသိရပါတယ်။တောင်းဆိုချက်များအနေဖြင့် ဆန္ဒပြသူတွေဟာ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု၊ သစ်တောများ ကာကွယ်ရေး၊ မြေယာပိုင်ဆိုင်ခွင့်များ တောင်းဆိုခဲ့ပြီး ၎င်းတို့ရဲ့မြေယာများကို စိုက်ပျိုးရေးလုပ်ငန်း၊ ရေနံရှာဖွေမှုနှင့် တရားမဝင် သစ်ခိုးထုတ်မှုများမှ ကင်းဝေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ပဋိပက္ခဖြစ်ပွားပုံကတော့ အစည်းအဝေးကျင်းပရာနေရာကို ဒေါသတကြီး အော်ဟစ်ဆန္ဒပြသူများက ဝင်းအတွင်းသို့ ဝင်ရောက်ဖို့ တောင်းဆိုခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စားပွဲများဖြင့် အကာအကွယ်ပြုပြီး တွန်းထုတ်ခဲ့ပါတယ်။ဆန္ဒပြသူအချို့က ဗုံတံကြီးများဖြင့် ပစ်ပေါက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းနှစ်ဦး အသေးစား ဒဏ်ရာများ ရရှိခဲ့ပြီး တစ်ဦးမှာ ဝမ်းဗိုက်ဖိကိုင်ရင်း ဘီးတပ်ကုလားထိုင်ဖြင့် ခေါ်ဆောင်သွားခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။နောက်ဆက်တွဲအနေဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး မကြာမီမှာ ဆန္ဒပြသူတွေဟာ လူစုခွဲသွားခဲ့ ကြပါတယ်။ ကုလသမဂ္ဂရဲ့ လုံခြုံရေးတာဝန်ရှိသူ ပြောရေးဆိုခွင့်ရှိသူက လုံခြုံရေးအကာအရံများ ဖောက်ထွင်းခံရမှု၊ ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရမှုနဲ့ ညီလာခံနေရာ အနည်းငယ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


news-view-count-icon

13