ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်သည်။ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီးသည် တိုးတက်မှုကောင်းမွန်ပြီး နိုင်ငံ၏ GDP ကို ဦးဆောင်လျက်ရှိသည့် တိုင်းဒေသကြီးများထဲမှ တစ်ခုဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ဈေးကွက်ရှိသည့်ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။



