back

ကလေးမြို့တွင် ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

Nov 12 • 4:40 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကလေးမြို့တွင် ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွင် မလှိုင်ဝေဝေကျော်(ခ)ဖူးဖူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ အိုက်စ်(မက်သ် အဖက်...

စစ်ကိုင်းတိုင်း၊ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွင် မလှိုင်ဝေဝေကျော်(ခ)ဖူးဖူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ အိုက်စ်(မက်သ် အဖက်တမင်း)အလေးချိန် ၁၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃,၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသည်။ထို့အပြင် ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးပြည့်ဦး(ခ)ကိုကြီးထန် အား အဆိုပါရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ယင်းနေ့ ၁၉၀၀ အချိန် မအိမြတ်မွန်ကျော်(ခ)မီးမီး အား မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်ရှိ ဟိုတယ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မလှိုင်ဝေဝေကျော်(ခ)ဖူးဖူး(၂၅)နှစ်၊ စိုးပြည့်ဦး(ခ)ကိုကြီးထန်(၃၂)နှစ်နှင့် မအိမြတ်မွန်ကျော်(ခ)မီးမီး(၂၅)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားသည်။

news-view-count-icon

19