ယခုနှစ်မိုးများသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းဖာမူ၊ ကုန်ပေါ၊ နောင်ဝိုးကျေးရွာများတွင် တောင်သူများစိုက်ပျိုးထားသော ငရုတ်သီး၊ ပဲပုတ်များ ပျက်စီးကုန်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ပင်လောင်းမြို့နယ်တွင် နိုဝင်ဘာ ၁၁ ရက်အထိ မိုးရွာသွန်းနေဆဲဖြစ်ပြီး တောင်သူများစိုက်ပျိုးထားသော ငရုတ်သီး၊ ပဲပုတ်များမသိမ်းနိုင်ဘဲ ပျက်စီးသွားရကြောင်း ဒေသခံများထံမှ သိရသည်။ယခုကဲ့သို့ သဘာဝဘေးနှင့် အန္တရာယ်အမျိုးမျိုးကြုံတွေ့နေခြင်းကြောင့် ပင်လောင်းမြို့နယ်ရှိ ဒေသခံများအနေဖြင့် လာမည့်နှစ်တွင် မိသားစု စားဝတ်နေရေးခက်ခဲပြီး မပြေလည်မည်ကို စိုးရိမ်နေကြသည်။
Nov 12 • 4:38 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 24 | 0 | 0 | 0 |


