back

တနင်္သာရီတိုင်း၊မောတောင်မြို့တွင် ဒုက္ခသည် တစ်ထောင်ကျော်အတွက် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်နေ

Nov 12 • 4:37 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊မောတောင်မြို့တွင် ဒုက္ခသည် တစ်ထောင်ကျော်အတွက် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်နေ

တနင်္သာရီတိုင်း၊ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် နယ်မြေ မတည်ငြိမ်မှုများကြောင့်ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး တာလပတ်နှင့် စားနပ်ရိက္ခာမျ...

တနင်္သာရီတိုင်း၊ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် နယ်မြေ မတည်ငြိမ်မှုများကြောင့်ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး တာလပတ်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေတာ ဖြစ်ပါသည်။"အရေးပေါ် ထွက်ပြေးလာကြတော့ အချို့ အမိုးတွေပါတဲ့သူကပါတယ်။ မပါတဲ့သူက များတယ်။ စားနပ်ရိက္ခာက လိုတယ်။ ဘာမှသယ်မရခင် ပြေးလာသမားတွေက များတယ်။ အခုရှောင်နေတဲ့ထဲကလေးတွေက ပိုများတယ်”ဟု အထက်ပါ နေရပ်စွန့်ခွာရသူများကို ကူညီနေသူက ပြောသည်။ထိုင်းအာဏာပိုင်များသည် ထိုင်းထဲသို့ အဝင်မခံကြောင်း၊ ထိုင်းရောက်မြန်မာများက ထမင်းထုပ်များနှင့်လိုအပ်သည့် ပစ္စည်းများကူညီကြသဖြင့် ထိုင်းစစ်သားများက သွားပို့ပေးကြောင်း နယ်စပ်တွင်ရောက်နေသည့် မြန်မာအမျိုးသမီးတစ်ဦးက ပြောပါသည်။

news-view-count-icon

26