back

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် မြန်မာအမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူကို ဖမ်းမိ

Nov 12 • 4:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်တွင် မြန်မာအမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူကို ဖမ်းမိ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊Nong Chok မြို့နယ်တွင် မြန်မာအမျိုးသမီးအလုပ်သမား တဦးအား သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း ထို...

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊Nong Chok မြို့နယ်တွင် မြန်မာအမျိုးသမီးအလုပ်သမား တဦးအား သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ကြောင်း ထိုင်း matichon သတင်းကဖော်ပြသည်။နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နွန်ဂျော့ခ် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အသက် ၂၄ နှစ်အရွယ် မစ္စတာ ရေဝပ် (ခေါ်) ဘန်မတ်ကို သက်သေခံပစ္စည်းများဖြစ်သည့် လက်လုပ် သေနတ်နှင့် ကျည်တစ်တောင့်၊ မော်တော်ဆိုင်ကယ်နှင့် မိုဘိုင်းဖုန်းတစ်လုံးတို့နှင့်အတူ ၎င်း၏ Nong Chok မြို့နယ် ၊ ဖဒုန်ဖန်လမ်းရှိ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။တရာခံ၏ အဆိုအရ ၎င်းသည် အလုပ်သမားတစ်ဦးဖြစ်ပြီး ဖြစ်စဉ်မတိုင်မီက စလော့ဂိမ်းကစားရာမှ ပိုက်ဆံများစွာ ရခဲ့သည်။ ထိုငွေများဖြင့် ယာဘ (စိတ်ကြွဆေး)ကို ဝယ်ယူသုံးစွဲခဲ့ပြီး လမ်းဘေး၌ ရပ်နေသော မြန်မာအမျိုးသမီးကို မြင်တွေ့ခဲ့ကာ ၎င်း၏ ဆိုင်ကယ်ကို ရပ်၍သေနတ်ဖြင့် ချိန်ရွယ်ကာ ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့သည်။တရားခံအားနွန်ဂျော့ခ် ရဲစခန်းသို့ပို့ဆောင်ထားပြီး လက်နက်ဖြင့် ခြိမ်းခြောက်မှု ၊ အဓမ္မပြုကျင့်မှု ၊ သေနတ်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများဖြင့် အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

news-view-count-icon

19