ထိုင်းနိုင်ငံ ၊ ရနောင်းမြို့နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း ရေကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ယမန်နေ့ ၊နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်း၌ ရေကြောင်းရဲတပ်ဖွဲ့က ရနောင်းမြို့နယ်၊ ဘန်ရင်တွင် မြန်မာနိုင်ငံသားများဖြစ်သော အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၆ နှစ်အရွယ်အမျိုးသား ၁ ဦးနှင့် အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ ၎င်းတို့အား ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားပြီး ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းထားကြောင်း ဖော်ပြသည်။
Nov 12 • 4:34 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


