back

မြန်မာအလုပ်သမားတစ်ဦး ထိုင်းတွင် အရက်အလွန်အကျွံသောက်သုံးပြီး သေဆုံး

Nov 11 • 7:23 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာအလုပ်သမားတစ်ဦး ထိုင်းတွင် အရက်အလွန်အကျွံသောက်သုံးပြီး သေဆုံး

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့၊ ဘန်ပူမိုင်ရပ်ကွက်တွင် မြန်‌မာအလုပ်သမားတစ်ဦး အရက်အလွန်အကျွံသောက်သုံးပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ch 7 သတင်းတွင် ဖော်ပြသည်။သေ...

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့၊ ဘန်ပူမိုင်ရပ်ကွက်တွင် မြန်‌မာအလုပ်သမားတစ်ဦး အရက်အလွန်အကျွံသောက်သုံးပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ch 7 သတင်းတွင် ဖော်ပြသည်။သေဆုံးသူမှာ အသက် ၃၀ အရွယ်ခန့် ကိုသက်ကိုဦးဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ၎င်းနေထိုင်သည့် အခန်းတွင် သူငယ်ချင်း (၂) ဦးနှင့် အရက်အတူသောက်သုံးခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လွမ့်ကတန်ယူလူမှုကူညီရေးအသင်းက သေဆုံးသူ၏ ရုပ်အလောင်းအား ရာမာထိဘဒီ ကျတ်ကရင်နလုဘော်ဒင်ဆေးရုံသို့ ‌ပို့ဆောင်ပေးခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က သေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိနှင့် ည ၁၂ နာရီမှ နံနက် ၁၁ နာရီအထိ အရက်‌သေစာ ရောင်းချခွင့် ပိတ်ပင်ထားပြီး တားမြစ်ထားသည့် အချိန်တွင်း ဆိုင်ထိုင်၍ သောက်သုံးပါက ဒဏ်ငွေ ဘတ် (၁၀,၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။

news-view-count-icon

15