ရှမ်းပြည်နယ်၊နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လယ်ဧကများစွာ ထိခိုက် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း နိုဝင်ဘာ(၁၀)ရက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ(၁)ရက်နေ့မှ (၇)ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းတတ်ကျေးရွာရှိ ဒေသခံများ၏ လယ်ယာဧက စုစုပေါင်း (၄၆) ဧကကျော် ရေနစ်မြုပ်ပျက်စီး ဆုံးရှုံးသွားခဲ့တာ ဖြစ်သည်။မိုးများမှုကြောင့် ဒေသခံ လူဦးရေ(၂၆)ဦး၏ စိုက်ပျိုးသီးနှံများ စပါး(၁၂)ဧက၊ ပြောင်း(၂၂)ဧက၊ ပဲ(၁၁) ဧကနှင့် နေကြာ(၂)ဧကတို့ ရေနစ်မြုပ်ပျက်စီးသွားခဲ့ပြီး နမ္မတူနှင့် မိုင်းဘော်ကြား ဆက်သွယ်ထားသည့် မိုင်းတတ်တံတားလည်း ရေနစ်မြုပ်သွားခဲ့ပြီး ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်သည်ဟု ပြောပါသည်။



