back

ဖိလစ်ပိုင်၌ ဖန်ဝမ်မုန်တိုင်းကြောင့် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

Nov 11 • 7:11 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်၌ ဖန်ဝမ်မုန်တိုင်းကြောင့် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ဖန်ဝမ်မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကို နိုဝင်ဘာ ၉ ရက်ကဝင်ရောက်ပြီး အနည်းဆုံး လူ ၄ ယောက်သေဆုံးကာ လူပေါင်း ၁ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်...

ဖန်ဝမ်မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကို နိုဝင်ဘာ ၉ ရက်ကဝင်ရောက်ပြီး အနည်းဆုံး လူ ၄ ယောက်သေဆုံးကာ လူပေါင်း ၁ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ Reuters သတင်းမှာ ဖော်ပြထား ပါတယ်။ဒါ့အပြင် ကာယာပါ(Kayapa) မြို့မြောက်ပိုင်းမှာ ရွှံ့တွေပြိုကျတာကြောင့် အိမ်ပိမိကာ ကလေးငယ် ၂ ယောက် သေဆုံးခဲ့သလို ရေနစ်တာနဲ့ ပြိုကျအပျက်အစီးတွေအောက်ပိလို့ သေဆုံးသူ ၂ ယောက် စုစုပေါင်း သေဆုံးသူ ၄ ယောက်အထိ ရှိခဲ့ပါတယ်။ လူဦးရေ အများဆုံးကျွန်းဖြစ်တဲ့ လူဇွန်(Luzon)ကျွန်းပေါ်မှာ လေပြင်းတွေနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းတာ၊ ဒီရေလှိုင်းတွေကြောင့် ဒေသခံတွေ အိပ်မရ ဖြစ်ခဲ့ကြပါတယ်။ အရပ်ဘက် ကာကွယ် ရေး အကြီးတန်းအရာရှိ Raffy Alejandro ကတော့ ကနဦး ခန့်မှန်းချက်တွေအရ သေဆုံးသူ အရေအတွက် အနည်းငယ်သာ ရှိမယ်လို့ မီဒီယာ တွေကို ပြောကြားခဲ့ပါတယ်။ မုန်တိုင်း ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်း Aurora ပြည်နယ်က အနည်းဆုံး မြို့နယ် ၄ ခုမှာ မြေပြိုတာတွေကြောင့် အဆက်အသွယ် ပြတ်နေတယ်လို့လည်း Alejandro က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်ကို အခုနှစ်အတွင်း ဝင်ရောက်တဲ့ ၂၁ ခုမြောက် မုန်တိုင်း ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကလည်း ခန့်မေဂီမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် လူပေါင်း ၂၂၄ ယောက် သေဆုံးခဲ့ပါတယ်။


news-view-count-icon

26