သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီအနီးနှင့် ကမာကြည်တံတားကြားတွင် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်၊ ည ၈ နာရီကျော်အချိန်က ကျောင်းကြို/ပို့ ဖယ်ရီကားတစ်စီးသည် ဆိုက်တွဲနှင့် စက်ဘီးတစ်စီးကို ဝင်တိုက်မိမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုက်တွဲပေါ်ပါလာသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူကို ပရဟိတအသင်းများက စံပြဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်။

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်တွင် ဖယ်ရီကားက ဆိုက်တွဲနှင့် စက်ဘီးကို ဝင်တိုက်၍ ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ
Nov 11 • 6:31 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 32 | 0 | 0 | 0 |


