၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန်အတွက် မြန်မာ ယူ-၂၂ (ခ) အသင်းကို မြန်မာ့လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးဇော်လင်းထွန်း (အသင်းမန်နေဂျာ) နှင့် ဦးမျိုးမင်းထွန်း (နည်းပြချုပ်) တို့ ဦးဆောင်၍ ဖွဲ့စည်းထားရှိကြောင်း သိရသည်။ လက်ရှိတွင် ယူ-၂၂ (က) အသင်းနှင့် (ခ) အသင်းဟူ၍ အသင်းနှစ်သင်းရှိနေပြီး ခြေစမ်းပွဲများ ကစားပြီးနောက်မှ ပြိုင်ပွဲဝင်အသင်းအဖြစ် ပေါင်းစည်းဖွဲ့စည်းသွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာ ယူ-၂၂ အသင်းသည် လာမည့် နိုဝင်ဘာ ၁၈ ရက်၊ ညနေ ၅:၀၀ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးဂိမ်းစ်အကြို အထူးခြေစမ်းပွဲ ကစားမည်ဖြစ်ပြီး၊ ပရိသတ်များ အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၂ (ခ) အသင်းဖွဲ့စည်း၊ လက်ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၁၈ တွင် ခြေစမ်းပွဲကစားမည်
Nov 11 • 6:32 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


