တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသော AS700 အရပ်ဘက် လူစီးလေသင်္ဘောတစ်စီးကို မကြာသေးမီက ကျဲ့ကျန်းပြည်နယ်၊ ရှောက်ရှင်းမြို့တွင် ပေးအပ်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ပထမဆုံး အဖြစ် ၎င်းသည် မကြာမီ ပျံသန်းမှု စစ်ဆေးခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အများပြည်သူ စီးနင်းနိုင်မည်ဟု မျှော်လင့်ရသည်။အဆိုပါ လေသင်္ဘောသည် အလျား မီတာ ၅၀ ရှည်လျားပြီး အမြင့်ဆုံး ပျံသန်းနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၇၀၀ ရှိသည်။ မြေပြင်အထက် မီတာ ၁၀၀ မှ ၃၀၀ အထိ အမြင့်တွင် လူ ၁၀ ဦးအထိ တင်ဆောင်ကာ ခရီးစဉ်များ ပျံသန်းနိုင်မည်ဖြစ်သည်။



