back

ရန်ကုန်တွင် ညသန်းခေါင်အချိန် မူးရူးပြီး ပြိုင်ကားမောင်းကြလို့ မြို့နေသူများအခက်တွေ့နေ

Nov 11 • 5:56 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ညသန်းခေါင်အချိန် မူးရူးပြီး ပြိုင်ကားမောင်းကြလို့ မြို့နေသူများအခက်တွေ့နေ

ရန်ကုန်တွင် ညသန်းခေါင်အချိန်များ၌ မူးရူးပြိုင်မောင်းကြသည့် ပြိုင်ကားများယခင်ထက်များလာသဖြင့် မြို့နေသူများ အခက်တွေ့ နေပါသည်။ပြိုင်ကားများမှာ ရန်ကုန်မြို့၏ အဓိကလ...

ရန်ကုန်တွင် ညသန်းခေါင်အချိန်များ၌ မူးရူးပြိုင်မောင်းကြသည့် ပြိုင်ကားများယခင်ထက်များလာသဖြင့် မြို့နေသူများ အခက်တွေ့ နေပါသည်။ပြိုင်ကားများမှာ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများဖြစ်သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတို့တွင် မကြာခဏ မောင်းနှင်နေခြင်းများရှိပြီး ဘုရင့်နောင်လမ်းနှင့် ကမ်းနားလမ်းတို့တွင် ရံဖန်ရံခါ ဖြတ်သန်းသွား လာလေ့ရှိတတ်ကြောင်း၊ ပါဝါအိတ်ဇောတပ်၍ မောင်းနှင်ခြင်းကြောင့် ၎င်းဖြတ်သန်းရာအနီးပတ် ဝန်းကျင်တွင် ဆူညံသံများကိုလည်း ခံစားရလေ့ရှိကြောင်း ဒေသခံများက ဆိုထားကြသည်။ရန်ကုန်တွင် ညသန်းခေါင် ၁ နာရီမှ ၃ နာရီအတွင်း ညမထွက်ရသတ်မှတ်ထားခြင်းရှိသော်လည်း ယင်းအချိန်အတွင်း မူးရူးပျော်ပါးမောင်းနှင်နေသော ပြိုင်ကားများရှိနေပြီး ၎င်းတို့ကြောင့် ပတ်ဝန်းကျင်၌ ဆူညံမှုများကြုံခြင်းသာမက အရှိန်လွန်ကာ ဓာတ်တိုင်ဝင်တိုက်ခြင်း၊ တိမ်းမှောက်ခြင်း စသည့် ဖြစ်ရပ်များကြုံလာခြင်းကြောင့်လည်း လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်မှုအစီအစဉ်များကို လုပ်ဆောင်ခဲ့ရသော အခြေအနေများစွာလည်း ကြုံခြင်းများရှိလာခဲ့သည်။

news-view-count-icon

21