back

နေပြည်တော်တွင် တောင်သူများပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်းနည်းလမ်းအား သုတေသီဝန်ထမ်းများ နည်းပညာသရုပ်ပြခဲ့

Nov 11 • 5:55 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် တောင်သူများပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်းနည်းလမ်းအား သုတေသီဝန်ထမ်းများ နည်းပညာသရုပ်ပြခဲ့

တောင်သူများ ပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်း (Participatory Varietal Selection) နည်းလမ်းအား သုတေသီဝန်ထမ်းများအား နည်းပညာသရုပ်ပြခြင်း အစီအစဉ်ကို နိုဝင်ဘာ၁၀ရ...

တောင်သူများ ပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ခြင်း (Participatory Varietal Selection) နည်းလမ်းအား သုတေသီဝန်ထမ်းများအား နည်းပညာသရုပ်ပြခြင်း အစီအစဉ်ကို နိုဝင်ဘာ၁၀ရက်နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနဌာနခွဲ စပါးသုတေသန ဗဟိုဌာနစိုက်ကွင်း၌ကျင်းပသည်။ သရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က “Participatory Plant Breeding” နည်းလမ်းတွင် အသုံးပြုထားသော Selected Bulk Method (ရွေးချယ်၍ စုစည်းမွေးမြူသော နည်းစနစ်) ၏ အခြေခံသဘောတရားများ၊ Pedigree နှင့် Bulk Method တို့၏ ကွာခြားချက်များ၊ Modified Bulk method (ပြုပြင်ထားသော စုပေါင်းမွေးမြူရေးနည်းစနစ်) အပါအဝင် Bulk Methodology အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အပင်ဇီဝကမ္မဗေဒဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ လေ့လာသင့်သည်များ၊ အခြားထည့်သွင်းစဉ်းစားရမည့်အချက်များနှင့် သတိပြု ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပို့ချဆွေးနွေးပြီး သုတေသနရလဒ်ကို ကွင်းဆင်းကြည့်ရှု အကဲဖြတ်ကြသည်။

အဆိုပါ နည်းပညာသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သီးနှံမျိုးကူးစပ်မွေးမြူသူ ပညာရှင်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် မျိုးမွေးမြူကူးစပ်ခြင်းနှင့် မော်လီကျူလာ နည်းပညာဆိုင်ရာ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

news-view-count-icon

25