ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ ကမ္ဘောဒီးယား စီးပွားရေးသမား လိုင် ယွန်ဖတ်နဲ့ သူ့ရဲ့ အပေါင်းအပါ ၄ ဦးကို ငွေကြေး ခဝါချမှု၊ ကျားဖြန့်လုပ်ငန်းမှာ ပါဝင် ပတ်သက်မှုကြောင့် ထိုင်း ရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါသည်။ဖမ်းဝရမ်းရရှိပြီးနောက် ဆိုက်ဘာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးရုံးတို့ ပူးပေါင်းထားတဲ့အဖွဲ့က ဘန်ကောက်မြို့တဝှမ်းနဲ့ အရှေ့ပိုင်း ထရက်ပြည်နယ်ရှိ နေရာ ၃၆ နေရာကို စီးနင်းရှာဖွေရာမှာ လိုင်ယွန်ဖတ်နဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။လိုင်ယွန်ဖတ်ဟာ ကျားဖြန့်လုပ်ငန်းနဲ့ လူမှောင်ခိုကူးလုပ်ငန်းတွေမှာ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် သူ့ရဲ့ ထိုင်းနိုင်ငံသား ဖြစ်မှုကို အစိုးရက စောစောပိုင်းက ပယ်ဖျက်ထားခဲ့ပြီး ဖြစ်ပါတယ်။သူဟာ ကမ္ဘောဒီးယား လွှတ်တော်အမတ်၊ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်ပြီး LYP Group ရဲ့ ပိုင်ရှင် ဖြစ်ပါသည်။



