back

ထိုင်းနိုင်ငံ၊မဟာချိုင်ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ ခေတ္တပိတ်မည်ဖြစ်

Nov 11 • 4:35 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊မဟာချိုင်ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ ခေတ္တပိတ်မည်ဖြစ်

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (Temporary Data Collection Center - TDCC) ကို နိုဝင်ဘာလ ၁၅ ရက်ကစပြီး ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း...

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (Temporary Data Collection Center - TDCC) ကို နိုဝင်ဘာလ ၁၅ ရက်ကစပြီး ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - CI) ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနက် နိုင်ငံသားအထောက်အထား ပြည့်စုံမှန်ကန်သူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းကိုဆောင်ရွက်နေခြင်းဖြစ်သည်။ ကိုယ်ရေးနောက်ကြောင်းစိစစ်ပြီး၍ နိုင်ငံကူး လက်မှတ်ထုတ်ယူရန် ကျန်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့၏နိုင်ငံကူး လက်မှတ်များကို နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ လာရောက်ထုတ်ယူနိုင်ရန် အသိပေးထားသည်။

news-view-count-icon

29