ဗီယက်နမ်မှာ တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ရာစုနှစ်တွေနဲ့ချီ သက်တမ်းကြာညောင်းပြီး နစ်မြုပ်နေတဲ့ သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က ကုန်းတွင်းဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကာလ်မက်ဂီးကြောင့် ကမ်းရိုးတန်း ဧရိယာတချို့က သောင်ပြင်တွေမှာ လှိုင်းရိုက်ပြီး ရေတိုက်စားမှုတွေ ဖြစ်ခဲ့ရာက အခုလို သင်္ဘောပျက်ကြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့ထိ အခြေအနေမှာတော့ သင်္ဘောကြီးဟာ သောင်ပြင်ပေါ်မှာ အထင်အရှား ဆက်ရှိနေပြီး လူတွေ အများကြီးက လာရောက် စူးစမ်း ကြည့်ရှုနေခဲ့ကြတာ ဖြစ်ပါသည်။
Nov 11 • 4:34 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


