လီဗာပူးလ်အသင်းသည် မန်စီးတီးနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်၌ မန်စီးတီးက ၁-၀ ဂိုးဖြင့် ဦးဆောင်နေစဉ် ၃၈ မိနစ်တွင် အသင်းခေါင်းဆောင် ဗန်ဒိုက်ခေါင်းတိုက်သွင်းယူခဲ့သော ချေပဂိုး ခွင့်မပြုခံရမှုအပေါ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်း ထံ ဆက်သွယ်ပြီး မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဂိုးကို VAR ဖြင့် စစ်ဆေးပြီးနောက် အသင်းဖော် ရောဘတ်ဆန် သည် မန်စီးတီးဂိုးသမား ဒွန်နာရမ်မာ ရှေ့တွင်ရှိနေပြီး လူကျွံသည်ဟု ဆုံးဖြတ်ကာ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ သို့သော် လီဗာပူးလ်အသင်းက ရောဘတ်ဆန်၏ သက်ရောက်မှုမှာ အနည်းငယ်သာ ရှိပြီး၊ လူကျွံဘော ဥပဒေ ၁၁ အရ ဂိုးအဖြစ် ခွင့်မပြုရန် လုံလောက်သည့် စံနှုန်းစံထားတွင် မရှိဟု ယုံကြည်နေသည်။ အဆိုပါရှုံးပွဲကြောင့် လီဗာပူးလ်သည် ပရီးမီးယားလိဂ်ဇယား အဆင့် ၈ သို့ရောက်ရှိကာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၈ မှတ်အထိ ကွာဟသွားသည်။
မန်စီးတီးနှင့်ပွဲတွင် ဗန်ဒိုက်၏ ချေပဂိုး ခွင့်မပြုခံရမှုအပေါ် လီဗာပူးလ်ကပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်း ထံ မေးခွန်းထုတ်
Nov 11 • 2:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


