မြန်မာတွေကြား နာမည်ကြီးတဲ့ ချင်းရိုင်က အဖြူရောင်ဘုရားကျောင်း White Temple Wat Rong Khun ကို ဝင်ကြေး နှစ်ဆ တိုးမြှင့်ကောက်ခံတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါပြီ။ အရင်က ဘတ် ၁၀၀ ကနေ အခု ဘတ် ၂၀၀ ဖြစ်တော့မှာဖြစ်ပြီး စတင်ကောက်ခံမှာက ဇန်နဝါရီ ၁ ရက်၊ ၂၀၂၆ မှ ဖြစ်ပါသည်။နိုင်ငံခြားသား လည်ပတ်သူ အသက် ၇၀ အထက် သို့ ကလေး အရပ် ၄ ပေအောက်တွေကတော့ အခမဲ့ ဝင်ခွင့်ရမှာဖြစ်ပြီး ထိုင်းလူမျိုးတွေလည်း အသက်အရွယ်မရွေး အခမဲ့ဖြစ်ပါသည်။ထိုဘုရားကျောင်းက သူ့ရဲ့ တမူထူးခြားတဲ့ အဖြူရောင်သီးသန့် အပြင်အဆင်တွေနဲ့ ဗိသုကာကြောင့် ထင်ရှားသလို လူကြိုက်များ လည်ပတ်မှုများတဲ့ ဘုရားကျောင်းလည်းဖြစ်ပါသည်။



