ဧရာဝတီတံတား (ရတနာပုံ) ကို အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် နိုဝင်ဘာ ၉ ရက်မှစတင်ကာ ည ၈ နာရီမှစ၍ ညဘက်ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်လိုက်ကြောင်း သိရသည်။ ယခင်က ပထမဦးစားပေးပြုပြင်မှုများဖြစ်သော Bracing လဲလှယ်ခြင်း ၃၂ နေရာနှင့် Gusset Plate လဲလှယ်ခြင်း ၆၈ နေရာတို့ ပြီးစီးခဲ့ပြီးနောက် ၂၅ တန်အထိ ခရီးသည်တင်ယာဉ်နှင့် ၁၂ ဘီး ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ပြုထားခဲ့သည်။ ယခု ဆက်လက်ဆောင်ရွက်မည့် ဒုတိယဦးစားပေးလုပ်ငန်းများတွင် RP-4 နှင့် RP-5 ၏ Haunch အပိုင်းရှိ Inclined Member နှင့် Vertical Member များအား ထပ်မံအားဖြည့်ခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် အကြီးစားပြင်ဆင်မှုကြောင့် ဧရာဝတီတံတား (ရတနာပုံ) ညဘက်ဖြတ်သန်းခွင့် ယာယီပိတ်
Nov 11 • 2:39 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 29 | 0 | 0 | 0 |


