ရုရှားရေတပ် Pacific Fleet က စစ်ရေယာဉ်သုံးစင်းဟာ နိုဝင်ဘာ ၁၀ရက် ညနေပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။အဲဒီစစ်ရေယာဉ်သုံးစင်းဟာ တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေကို သွားရောက်လေ့လာလည်ပတ်တာ၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေ ပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။



