ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအသိပညာ ဗဟုသုတရရှိရေးလုပ်ငန်းများကို ဌာန၏လုပ်ငန်းကဏ္ဍအသီးသီးမှ ဆောင်ရွက်လျက်ရှိပြီး (Book Club)၊ (Woman Club) များဖွဲ့စည်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများနှင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် စာဖတ်ဝိုင်းများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စီစဉ်ကျင်းပလျက်ရှိရာ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း (၆)တွင်ပါရှိသော ငွေစာရင်းထိန်းသိမ်း ထားရှိခြင်းခေါင်းစဉ်မှ ငွေစာရင်းစာအုပ် (ပုံစံ ဌစ-၅)၊ ငွေစာရင်းစာအုပ် လက်ကျန်ရှင်းတမ်း (ပုံစံဌစ- ၆)၊ ဘဏ်ရငွေစာရင်းစာအုပ် (ပုံစံ ဌစ-၇)အကြောင်းအရာများနှင့် ပတ်သက်၍ ငွေစာရင်း စာအုပ်လက်ကျန်ရှင်းတမ်း၊ ခေါင်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြတာဖြစ်ပါသည်။
Nov 11 • 2:34 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


