back

စူပါတိုင်ဖွန်း Fung-Wong ကြောင့် ဖိလစ်ပိုင်တွင် ၈ ဦး သေဆုံးပြီး လူ ၁.၄ သန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

Nov 11 • 2:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

စူပါတိုင်ဖွန်း Fung-Wong ကြောင့် ဖိလစ်ပိုင်တွင် ၈ ဦး သေဆုံးပြီး လူ ၁.၄ သန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

စူပါတိုင်ဖွန်း Fung-Wong မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးမှု၊ မြေပြိုမှုနှင့် ပြည်နယ်တစ်ခုလုံး မီးပြတ်တောက်မှုများ ဖြစ်ပွားစေခဲ့ပြီး အနည်းဆုံး လူ ၈ ဦး...

စူပါတိုင်ဖွန်း Fung-Wong မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးမှု၊ မြေပြိုမှုနှင့် ပြည်နယ်တစ်ခုလုံး မီးပြတ်တောက်မှုများ ဖြစ်ပွားစေခဲ့ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးကာ၊ လူပေါင်း ၁.၄ သန်းကျော် နေရာရွှေ့ပြောင်းခဲ့ရသည်။ မုန်တိုင်းသည် နိုဝင်ဘာ ၉ ရက် ညတွင် လေတိုက်နှုန်း ၁၈၅ ကီလိုမီတာ/နာရီ (၁၁၅ မိုင်/နာရီ) ဖြင့် Aurora ပြည်နယ်ကို စူပါတိုင်ဖွန်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မြောက်ပိုင်းပြည်နယ်များကို တစ်ညလုံး ဖြတ်သန်းသွားခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မုန်တိုင်းသည် La Union ပြည်နယ်မှတစ်ဆင့် တောင်တရုတ်ပင်လယ်ထဲသို့ ထွက်ခွာသွားခဲ့ပြီး ထိုင်ဝမ်ဘက်သို့ ဆက်လက်ဦးတည်သွားမည်ဟု ခန့်မှန်းရသည်။ ဖိလစ်ပိုင်နိုင်ငံသည် မကြာသေးမီကမှ Kalmaegi မုန်တိုင်းကြောင့် လူ ၂၂၄ ဦး သေဆုံးခဲ့ပြီးနောက် Fung-Wong မုန်တိုင်းဒဏ်ကို ထပ်မံခံခဲ့ရခြင်းဖြစ်သည်။

news-view-count-icon

24