back

ရွှေကုက္ကိုလ်ထူထောင်သူ ကျားဖြန့်ခေါင်းဆောင် ရှာဇီးကျန့်အား တရုတ်သို့ ပြန်ပို့ရန်ဆုံးဖြတ်ချက် အတည်ပြု

Nov 11 • 2:35 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ရွှေကုက္ကိုလ်ထူထောင်သူ ကျားဖြန့်ခေါင်းဆောင် ရှာဇီးကျန့်အား တရုတ်သို့ ပြန်ပို့ရန်ဆုံးဖြတ်ချက် အတည်ပြု

ထိုင်းအယူခံတရားရုံးက အောက်ရုံးတော်တစ်ခုမှ ဆုံးဖြတ်သည့် ရှာဇီးကျန့်အား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ...

ထိုင်းအယူခံတရားရုံးက အောက်ရုံးတော်တစ်ခုမှ ဆုံးဖြတ်သည့် ရှာဇီးကျန့်အား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်၌ ထောက်ခံ အတည်ပြုပေးလိုက်ပြီဖြစ်သည်။ ရှာဇီးကျန့်သည် ကရင်ပြည်နယ် ထိုင်းနှင့်နယ်စပ် ရွှေကုက္ကိုလ်၌ ရထိုက်မြို့သစ်စီမံကိန်းကို အကောင် အထည်ဖော်တည်ဆောက်ခဲ့သော ခေါင်းဆောင်ဖြစ်ကာ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အစိုးရက တရားမဝင်အွန်လိုင်းလောင်းကစားမှုများနှင့် တရုတ်အသုံးပြုသူများကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေး လိမ်လည်မှုများကျူးလွန်သူအဖြစ် စွပ်စွဲကာ အလိုရှိနေခဲ့သူဖြစ်သည်။ မိမိကို ထိုင်းအစိုးရက ဖမ်းဆီးပြီး တရုတ်ထံသို့ လွှဲအပ်မည်ဆိုလျှင် သတ်ခံရမည်သာ သေချာကြောင်း ၂၀၂၄ ခုနှစ်အတွင်းက အယ်လ်ဂျာဇီးယားသို့ ရှာဇီးကျန့်မှ ဖွင့်ပြောသွားခဲ့သည်။

news-view-count-icon

7