back

တိုင်ဖွန်း Fung-Wong ကြောင့် ဖိလစ်ပိုင်မှာ အနည်းဆုံး လူ ၈ ယောက် ‌ေ-သဆုံးပြီး လူပေါင်း ၁.၄ သန်း ဘေးလွတ်ရာရွှေ့ပြောင်းနေရ

Nov 11 • 2:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

တိုင်ဖွန်း Fung-Wong ကြောင့် ဖိလစ်ပိုင်မှာ အနည်းဆုံး လူ ၈ ယောက် ‌ေ-သဆုံးပြီး လူပေါင်း ၁.၄ သန်း ဘေးလွတ်ရာရွှေ့ပြောင်းနေရ

Fung-wong တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး၊ ပြည်နယ်တစ်ခုလုံး မီးပြတ်တောက်မှုတွေ ဖြစ်သွားခဲ့ပါတယ်။ ဒီမုန်တိုင်းက...

Fung-wong တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး၊ ပြည်နယ်တစ်ခုလုံး မီးပြတ်တောက်မှုတွေ ဖြစ်သွားခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့် အနည်းဆုံး လူ ၈ ဦး ‌ေ-သဆုံးခဲ့ရပြီး၊ လူပေါင်း ၁.၄ သန်းကျော် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

အဆိုပါမုန်တိုင်းဟာ ထိုင်ဝမ် ဘက်ကို အနောက်မြောက်ဘက်ဆီ ဦးတည်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မကြာခင်က Kalmaegi မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၂၄ ဦး ‌ေ-သဆုံးခဲ့ပြီးနောက် Fung-wong မုန်တိုင်းက မြောက်ပိုင်းဖိလစ်ပိုင်ကို ထပ်မံတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။Fung-wong ဟာ နိုဝင်ဘာလ ၉ ရက်နေ့ညမှာ အရှေ့မြောက်ပိုင်း Aurora ပြည်နယ်ကို စူပါတိုင်ဖွန်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး၊ လေတိုက်နှုန်းက တစ်နာရီ ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) အထိ ရှိပြီး၊ လေပြင်းတိုက်ခတ်မှုတွေက တစ်နာရီ ၂၃၀ ကီလိုမီတာ (၁၄၃ မိုင်) အထိ ရှိခဲ့ပါတယ်။တိုင်ဖွန်းမုန်တိုင်း မဝင်မီမှာ လူပေါင်း ၁.၄ သန်းကျော်ဟာ အရေးပေါ်ခိုလှုံရေးစခန်းတွေ ဒါမှမဟုတ် ဆွေမျိုးတွေရဲ့ နေအိမ်တွေဆီကို ပြောင်းရွှေ့ခဲ့ကြပြီး၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ လူပေါင်း ၃၁၈,၀၀၀ ခန့်ဟာ ဘေးလွတ်ရာရွှေ့ပြောင်းရေးစခန်းတွေမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။



news-view-count-icon

23