သရုပ်ဆောင်အေးမြတ်သူက ဟိန္ဒူကျောင်းကြီးရဲ့ မယ်တော်ကျောင်း ပြီးစီးဖို့ ငွေကျပ်သိန်း ၁၀၀ လိုငွေရှိနေတာကို သူမက သိန်း ၅၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အမြဲတစေ ဟိန္ဒူဘာသာရေးနဲ့ပတ်သက်ပြီး အလှူအတန်းတွေသာမက ဘုရားပွဲတွေမှာပါ တက်ရောက်လေ့ရှိတဲ့ အေးမြတ်သူဟာ လားရှိုးမြို့ရဲ့ ရှန်ခိုက်ဘုရားပွဲကိုလည်း နိုင်ငံရေးတည်ငြိမ်စဉ်ကာလက နှစ်စဉ်သွားရောက်ခဲ့တာတွေ့ရပါတယ်။



