back

ပဲခူးတိုင်းဒေသကြီး၊ဖြူးတွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ကြက်ခြေနီမှငွေသားထောက်ပံ့ကူညီခဲ့

Nov 11 • 2:04 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ဖြူးတွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ကြက်ခြေနီမှငွေသားထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ဒုတိယအကြိ...

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ဒုတိယအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဉ်အရ ငလျင်ဘေးသင့် အိမ်ထောင်စုများအား ငွေသားထောက်ပံ့ခြင်းကို ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ကြက်ခြေနီဝန်ထမ်းများက နိုဝင်ဘာလ(၇)ရက်နေ့

တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။ထောက်ပံ့ရာတွင် ဖြူးမြို့နယ် ရှိ သိမ်ကုန်းရပ်ကွက်၊ ထန်းကုန်းရပ်ကွက်၊ စျေးရပ်ကွက်၊ မြို့မ(ရှေ့/နောက်)ရပ်ကွက်၊

ကြက်ပေါင်ချောင်းကျေးရွာ၊ ကြာအင်းခုံကျေးရွာများရှိ ငလျင်ဘေးသင့် အိမ်ထောင်စု(၅၈)စုအတွက် အိမ်ထောင်စု (၁)စုလျင် ငွေသား ကျပ်(၄)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်(၂၃၂)သိန်း ကို အဆိုပါ အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။




news-view-count-icon

23