ငမိုးရိပ်ရေလှောင်တမံသည် ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် သတ်မှတ်ရေပြည့်မှတ် (၁၀၇)ပေ ထက်ကျော်လွန်၍ (၁၀၈)ပေ သို့ ရောက်ရှိနေကြောင်း သိရသည်။ သို့သော်လည်း ငမိုးရိပ်ရေပိုလွှဲတွင် Shutter များ ထောင်ထားခြင်းကြောင့် ရေမကျော်နိုင်ကြောင်း အသိပေးထားသည်။ အလားတူ မဟူရာတမံသည်လည်း ရေပြည့်မှတ် (၂၁၆)ပေ ထက်ကျော်လွန်၍ (၂၁၇.၆၀) ပေ သို့ မြင့်တက်နေပြီး၊ ပေါင်းလင်းတမံမှာမူ ရေပြည့်မှတ်ရောက်ရန် (၇.၈၀) ပေသာ လိုတော့ကြောင်း သိရသည်။ မိုး/ဇလ၏ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။

Nov 11 • 1:23 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 35 | 0 | 0 | 0 |


