back

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊မူဆယ်မြို့နယ်တွင် ဖမ်းဆီးရမိထားသည့် ငွေကျပ် ၁၃၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖျက်ဆီး

Nov 11 • 1:21 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊မူဆယ်မြို့နယ်တွင် ဖမ်းဆီးရမိထားသည့် ငွေကျပ် ၁၃၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖျက်ဆီး

မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၌ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့မရဲစခန်း၌ အမှုဖွင့်ထားသည့် မူးယစ်ဆေးဝါးမှု (၁၉) မှုနှင့် ဓာတုဆက်စပ်ပစ္စည်းအမှု (၁၀) မှု...

မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်၌ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့မရဲစခန်း၌ အမှုဖွင့်ထားသည့် မူးယစ်ဆေးဝါးမှု (၁၉) မှုနှင့် ဓာတုဆက်စပ်ပစ္စည်းအမှု (၁၀) မှုတို့မှ ဖမ်းဆီးရမိထားသော စုစုပေါင်း ငွေကျပ် ၁၃၂ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖျက်ဆီးခဲ့သည့် ပစ္စည်းများတွင် စိတ်ကြွဆေးပြား၊ ကတ်တမင်း၊ HAPPY WATER၊ ဘိန်းဖြူ၊ ဘိန်းဆီခဲ၊ ဆေးခြောက်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းအမျိုးအစားများစွာ ပါဝင်သည်။ 

news-view-count-icon

18