မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ နှင့် ၂၀၂၄ တို့ ကျင်းပပြီးစီးခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် တရုတ်နိုင်ငံမှ Brand ၅ ခု လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း Chinese Textile & Garment Association In Myanmar (CTGA) မှ CEO Mr. San Khun က ပြောကြားသည်။ အသစ်ဝင်ရောက်လာသော Brand ၅ ခုမှာ SEMIR, BALABALA, Jeans West, BOSIDENG နှင့် Baleno တို့ဖြစ်သည်။ လက်ရှိတွင် အထည်ချုပ်ကဏ္ဍ၌ စက်ရုံအသစ်များ ယခင်ထက် ပိုမိုတိုးပွားလာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးကလည်း ပြောသည်။ ထို့ပြင် တတိယအကြိမ်မြောက် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၅ ကို လာမည့် ဒီဇင်ဘာလ၌ Inya Lake Hotel နှင့် Yangon Convention Center (YCC) တွင် သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 11 • 1:25 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


