back

ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ နိုဝင်ဘာ ၁၅ ရက်မှစ၍ ခေတ္တပိတ်သိမ်းမည်

Nov 11 • 1:15 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ နိုဝင်ဘာ ၁၅ ရက်မှစ၍ ခေတ္တပိတ်သိမ်းမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက မဟာချိုင်မှ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲကို နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ခေတ္တပိတ်သိမ်းမည်ဖြစ်ကြောင်း ကြ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက မဟာချိုင်မှ ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲကို နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ခေတ္တပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာသည်။ အဆိုပါဌာနခွဲသည် CI လက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများထဲမှ နိုင်ငံသားအထောက်အထား ပြည့်စုံသူများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ နိုင်ငံကူးလက်မှတ် ထုတ်ရန်ကျန်ရှိနေသေးသူများအနေဖြင့် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ လာရောက်ထုတ်ယူကြရန် အသိပေးထားပြီး၊ ဌာနခွဲ ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုမူ ထပ်မံကြေညာသွားမည်ဖြစ်သည်။ လုပ်ငန်းစဉ် ခေတ္တရပ်ဆိုင်းရသည့် အကြောင်းရင်းကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

news-view-count-icon

11