back

Scam ကြော်ငြာများမှ Meta ဝင်ငွေ ဘီလျံဒေါ်လာချီ ရရှိနေကြောင်း သတင်းများ ထွက်ပေါ်

Nov 11 • 1:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

Scam ကြော်ငြာများမှ Meta ဝင်ငွေ ဘီလျံဒေါ်လာချီ ရရှိနေကြောင်း သတင်းများ ထွက်ပေါ်

Meta ပလက်ဖောင်းများပေါ်တွင် ကျားဖြန့် (Scam Ads) ကြော်ငြာများ များစွာတွေ့နေရပြီး၊ ပေါက်ကြားလာသော စာရွက်စာတမ်းများအရ Meta ၏ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၇ ဘီလျံမှ ၁၆ ဘီလ...

Meta ပလက်ဖောင်းများပေါ်တွင် ကျားဖြန့် (Scam Ads) ကြော်ငြာများ များစွာတွေ့နေရပြီး၊ ပေါက်ကြားလာသော စာရွက်စာတမ်းများအရ Meta ၏ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၇ ဘီလျံမှ ၁၆ ဘီလျံခန့်သည် အဆိုပါ အလိမ်အညာနှင့် တားမြစ်ကုန်ပစ္စည်း ကြော်ငြာများမှ ရရှိနေကြောင်း သိရသည်။ ပေါက်ကြားစာရွက်စာတမ်းတစ်ခုက အန္တရာယ်ကြီးသော Scam Ads ၁၅ ဘီလျံခန့်ကို Meta က တစ်ရက်လျှင် ဖော်ပြခဲ့ကြောင်း ဆိုထားသည်။ Meta အနေဖြင့် တစ်နှစ်ဝင်ငွေ၏ ၁၀% ခန့် ရှာပေးနေသည့် တန်ဖိုးမြင့်အကောင့်များကို ချက်ချင်းဖြုတ်ချပါက စီးပွားရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် Scam မှန်းသိလျက်နှင့် အရေးယူရန် ဝန်လေးနေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ Meta ဘက်ကမူ Scam ကြော်ငြာများကို ပြင်းပြင်းထန်ထန် အရေးယူနေကြောင်းနှင့် ၎င်းတို့၏ စုစုပေါင်း ကြော်ငြာရောင်းအား ၁၀% ကို Scam Ads များမှ ရရှိသည်ဟူသော အချက်မှာ အလွန်အကျွံ ခန့်မှန်းချက်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ Meta သည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁၆၄.၅၀ ဘီလျံ ရရှိခဲ့သည်။

news-view-count-icon

16