back

မတ်လ ၁၈ရက်မှာ ဆီးဂိမ်းဝင်ပြိုင်မယ့် မြန်မာယူ-၂၃နဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ခြေစမ်းမည်

Nov 11 • 1:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မတ်လ ၁၈ရက်မှာ ဆီးဂိမ်းဝင်ပြိုင်မယ့် မြန်မာယူ-၂၃နဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ခြေစမ်းမည်

ဖီဖာနိုင်ငံတကာ "A" အဆင့်ပြိုင်ပွဲကာလအတွင်းမှာ နိုင်ငံတကာအသင်းတွေနဲ့ ခြေစမ်းကစားဖို့ ပျက်ပြယ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ ဆီးဂိမ်းဝင်ပြိုင်မယ့် မြန်မာ...

ဖီဖာနိုင်ငံတကာ "A" အဆင့်ပြိုင်ပွဲကာလအတွင်းမှာ နိုင်ငံတကာအသင်းတွေနဲ့ ခြေစမ်းကစားဖို့ ပျက်ပြယ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ ဆီးဂိမ်းဝင်ပြိုင်မယ့် မြန်မာယူ-၂၃လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲကစားမယ်လို့ ယူ-၂၃အသင်းတာဝန်ရှိသူ တစ်ဦးက အတည်ပြုပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ မတ်လ ၁၈ရက်မှာ အာဖဂန်နစ္စတန်နဲ့ကစားရမယ့် အာရှဖလားခြေစစ်ပွဲ,ပွဲစဥ် ရက်ရွှေ့သွားတာကြောင့် ယူ-၂၃အသင်းနဲ့ပဲ ခြေစမ်းပွဲကစားဖို့ ပြောင်းလဲ စီစဉ်ခဲ့တာဖြစ်ပါတယ်။ မြန်မာယူ-၂၃အသင်းကတော့ ဂျပန်လေ့ကျင့်ရေးခရီးစဉ်က ပြန်လည်ရောက်ရှိလာပြီး လက်ရှိမှာ စခန်းဝင်လေ့ကျင့်မှုတွေကို နိုဝင်ဘာ၃ရက်မှာ ပြန်လည်စတင်နေပါတယ်။ ဆီးဂိမ်းယူ-၂၃အသင်းကို ပိုမိုတောင့်တင်းစေဖို့အတွက် မြန်မာနေရှင်နယ်လိဂ်က ခြေစွမ်းပြလူငယ်တွေနဲ့ (B) အသင်း ထပ်မံဖွဲ့စည်းထားကြောင်းလည်းသိရပြီး နည်းပြချုပ်အဖြစ် ဟံသာဝတီယူနိုက်တက်အသင်းနည်းပြ ဦးမျိုးမင်းထွန်းက တာဝန်ယူလေ့ကျင့်ပေးနေပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းနဲ့ မြန်မာယူ-၂၃အသင်းတို့ရဲ့ခြေစမ်းပွဲကို နိုဝင်ဘာ ၁၈ရက်မှာ ကစားမှာ ဖြစ်ကာ ပရိသတ်တွေကိုလည်း ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာဖြစ်ပြီး ရုပ်သံလိုင်းကလည်း တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သိရပါတယ်။

news-view-count-icon

30